No results found

    ၁၀၆။ သခင်၏ ကျေးဇူးတော်ကျူး

     


    ၁။ အိုကျေးဇူးရှင် သခင်ယေရှု ချီးမွမ်းမကုန်နိုင်ပါ၊
    ဘုရားဘုန်းစည်းစိမ် စွန့်တော်မူ၊ ဤလောကသို့ ကြွလာ။

    ၂။ ခမည်းတော်၏ အမျက်တော်ကို လူမှ ဖယ်တော်မူပြီ၊
    ရန်သူဖြစ်သော သူတို့အဖို့ အသက်စွန့်တော်မူ၏။

    ၃။ လူမျိုးတို့ကို သနားသောကြောင့် မထီမဲ့မြင်ကိုခံ၊
    ရန်သူကိုပင် ကယ်ချွတ်ရအောင်၊ လက်ဝါးကပ်တိုင်ကို ထမ်း။

    ၄။ အကျွန်ုပ်တို့အပြစ်များစွာ ဆောင်သွားတော်မူပါပြီ၊
    အိုကျေးဇူးရှင် ကိုယ်တော်မြတ်အား၊ မြတ်မင်္ဂလာရှိ၏။

    Post a Comment

    Previous Next

    نموذج الاتصال