No results found

    ၁၆၆။ ယေရှုရှင် ငါ့ကိုပင်ကျူး

     


    ၁။ ကိုယ်တော်အပြင် ထက်ကောင်းကင်မှာ ကိုးစားရာမရှိပါ၊
    သက်ရှင်စဉ်ခါဆိုမည် သီချင်း၊ ယေရှုရှင် ငါ့ဖို့ပင်၊
    ကိုယ်တော်ငါ့တွက် ဒုက္ခခံပြီ၊ သွေးတော်မြတ်ဖြင့် ကယ်တင်ယူပြီ၊
    ငါ၏ ဝိညာဉ်တွက် တောင်းပန်ပြီ၊ ယေရှုရှင် ငါ့ဖို့ပင်။

    ၂။ ငါမငြူစူကြွယ်ဝသူကို၊ ယေရှုရှင် ငါ့ဖို့ပင်၊
    လောကီဘဏ္ဍာ ငါမနှစ်လို၊ ယေရှုရှင် ငါ့ဖို့ပင်၊
    လောကီချမ်းသာစဉ်မမြဲရာ၊ အရာရာမျိုးပျက်မည် မှန်ပါ၊
    ငါ၏ ဝမ်းမြောက်ဆုံးမရှိရာ၊ ယေရှုရှင် ငါ့ဖို့ပင်။

    ၃။ ဆင်းရဲဒုက္ခရောက်ရသော်လည်း၊ ယေရှုရှင် ငါ့ဖို့ပင်၊
    ပါလျင်းမညည်း ကိုယ်တော်သိ၏၊ ယေရှုရှင် ငါ့ဖို့ပင်၊
    ဉစ္စာပစ္စည်းဆုံးပါးသော်လည်း၊ လောကီဘဏ္ဍာပျက်စီးသော်လည်း၊
    သိုးနွားများလည်း သေဆုံးသော်လည်း၊ ယေရှုရှင် ငါ့ဖို့ပင်။

    ၄။ ရန်သူလက်တွင်းရှိရသော်လည်း၊ ယေရှုရှင် ငါ့ဖို့ပင်၊
    ပြစ်နှိပ်စက်ခြင်း ဝိုင်းဝန်းသော်လည်း၊ ယေရှုရှင် ငါ့ဖို့ပင်၊
    လောကတွင် ပြင်းထန်စစ်ဖြစ်စေ၊ ငါ့ဝိညာဉ်ကို ရန်သူတိုက်လေ၊
    ကိုယ်တော်အားဖြင့် ငါအောင်မြင်ပေ၊ ယေရှုရှင် ငါ့ဖို့ပင်။

    ၅။ အသက်တာဆုံး ဘဝပြောင်းသော် ယေရှုရှင် ငါ့ဖို့ပင်၊
    ငြိမ်စွာခိုလှုံမည်ရင်ခွင်တော်၊ ယေရှုရှင် ငါ့ဖို့ပင်၊
    ကိုယ်ကာယရောဂါနှိပ်စက်လျှင်၊ လောကဝမ်းမြောက်ခြင်းများ ပြေးလွင့်၊
    ကျူးအေးမည် သေခြင်းမြစ်ကူးစဉ်၊ ယေရှုရှင် ငါ့ဖို့ပင်။

    Post a Comment

    Previous Next

    نموذج الاتصال