No results found

    ၁၆၅။ သက်တာမုန်တိုင်းလှိုင်းထစဉ်ခါကျူး


     ၁။ သက်တာမုန်တိုင်း လှိုင်းထစဉ်ခါ၊ ယေရှုရှင်သည် ခေါ်နေ၏၊
    ငါ့တပည့်တို့၊ ငါ့နောက်လိုက်လာ၊ ချိုသာလှစွာ ခေါ်နေသည်။

    ၂။ လောကီစည်းစိမ် လိုက်စားရာမှ၊ ယေရှုရှင်သည် ခေါ်နေ၏၊
    ငါ့တပည့်တို့ သာ၍ ချစ်ပါ၊ ကိုယ်တော်ရှင် မိန့်မြွက်နေသည်။

    ၃။ ဝမ်းနည်းဝမ်းမြောက် လုပ်ကိုင်ရာမှ၊ ယေရှုရှင်သည် ခေါ်သေး၏၊
    ငါ့တပည့်တို့ ခြားသူထက်သာ ငါ့ကို ချစ်သလားမေး၏။

    ၄။ ကရုဏာနှင့် ခေါ်နေစဉ်ခါ၊ ခေါ်သံတော်ကြားပါရစေ၊
    ကိုယ်ကို ပူဇော် စိတ်ကို ဆက်သ၊ ချစ်လျက်နှင့် မှုတော်ဆောင်စေ။

    Post a Comment

    Previous Next

    نموذج الاتصال