No results found

    ၁၆၄။ ကိုယ်တော်အလိုအတိုင်းကျူး

     


    ၁။ ယေရှုကိုယ်တော်အလို ကျွန်ုပ်အလို ဖြစ်စေ၊
    ချစ်ခြင်းလက်တော်ထဲသို့၊ ကျွန်ုပ်ကိုယ်ကို အပ်ပေး၊
    ဝမ်းနည်း၊ ဝမ်းမြောက်စဉ်ခါ၊ ကျွန်ုပ်ကို လမ်းပြပါ၊
    ကိုယ်တော်အလိုတော်သာ ဖြစ်စေ၊ ဆိုနိုင်စေပါ။

    ၂။ ယေရှုကိုယ်တော်အလို ငိုလျက် ဝန်ခံရလျှင်၊
    ကျွန်ုပ်မျှော်လင့်ကြယ်သည် မှိန်၍ မကွယ်စေနှင့်၊
    ကိုယ်တော်မြေပေါ် ငိုကြွေး၊ တစ်ယောက်တည်း ဝမ်းနည်းပေ၊
    ကျွန်ုပ်ငိုကြွေးရလျှင် အလိုတော်ဖြစ်စေချင်။

    ၃။ ယေရှုကိုယ်တော်အလို ကျွန်ုပ်ဖို့ ကောင်းလှ၏၊
    နောက်နောင်ဖြစ်လေသမျှ၊ ကိုယ်တော်ကို ယုံပါမည်၊
    ကောင်းကင်ထက် အိမ်တော်သို့ ငြိမ်သက်စွာ တက်သွားလို၊
    ကိုယ်တော်အလို ဖြစ်စေအစဉ် သီချင်းကျူးအေး။

    Post a Comment

    Previous Next

    نموذج الاتصال