No results found

    ၂၆၆။ ယေရှုအံ့ဖွယ် မေတ္တာတော်ကျူး

     


    ၁။ ယေရှု အံ့ဖွယ်မေတ္တာတော် ပြစ်ရှိ ကျွန်ုပ်ကိုရှာ၊
    ခြံသို့ ပို့ဆောင်ကျေးဇူးတော်တုမဲ့ ကရုဏာကား၊
    သမုဒ္ဒရာထက်နက်ပေ၊ ကောင်းကင်ဘုံထက်မြင့်လေ၊
    ထိုမေတ္တာတော်မြတ်ကြောင်းကို ကျွန်ုပ် သီချင်းကျူးဆို။

    ထပ်ဆို
    ယေရှုအံ့ဖွယ် မေတ္တာတော်၊ တစ်နှစ်ထက်တစ်နှစ် တိုးသိ
    နက်နဲ ကျယ်ဝန်းမြင့်သော အံ့ဖွယ် မေတ္တာတော်သည် ကြာလေတိုးနားလည်ရ၏။

    ၂။ ရှေးခါ ယုဒပြည်တဝိုက်၊ ကိုယ်တော်သွားလာ နေခိုက်၊
    ကယ်ဆယ်ကျေးဇူးသိလိုငှာ နောက်တော် လူတို့လိုက်ရှာ၊
    ကြေကွဲနှလုံးချမ်းသာပေး၊ ကန်းသူများကို မြင်စေ၊
    မြင့်မြတ်လှ မဟာမေတ္တာ ကျွန်ုပ်ကိုပင် လိုက်ရှာ။

    ၃။ ကားတိုင်တော်၌ ဝေဒနာ ကျွန်ုပ်တို့တွက် အရှုံး
    ညည်းသံမပြုဘဲခံရှာ ထိုမေတ္တာတော် မြတ်ကို၊
    သန့်ရှင်းသူတို့နှင့်တကွ အသံလွှင့်၍ ချီးမြှောက်
    ကယ်တင်ရှင်အား ချီးမွမ်းသံ ကောင်းကင် မြေပြင်လုံးလျှံ။

    Post a Comment

    Previous Next

    نموذج الاتصال