No results found

    ၂၆၅။ မေးတော်ကျူး

     


    ၁။ ငါနံ ဝိညာဉ်နားထောင်လေ၊ ရှင်ယေရှု မိန့်တော်မူပေ၊
    ပြစ်ရှိသူ၊ ငါ့ကို အမှန်ချစ်သလော၊ သင့်ကို မေးမြန်း။

    ၂။ သင့်ခြေချင်းကို ငါချွတ်သည်၊ ဒဏ်ချက်များကို ငြိမ်းစေ၏၊
    မှားသောလမ်းမှ ပြောင်းလွှဲစေ၊ မှောင်မိုက်ခြင်းကို လင်းစေလေ။

    ၃။ မွေးမိခင်ချစ်လှသောသား၊ ကြည့်မရှုမေ့ နိုင်မည်လား၊
    မိခင်ပင်မေ့လျော့နေစေ၊ ငါမူကား သင့်ကို မမေ့။

    ၄။ ငါ့မေတ္တာရွှေ့ခြင်းမရှိ၊ ကောင်းကင်ထက်သာမြင့်လှ၏၊
    အောက်အနက်နဲရာ ထက်နက်နဲ ချဉ်းနင်းရောက်လျက်စဉ် တည်မြဲ။

    ၅။ ကြာမမြင့်မှုတော်ပြီးလျှင်၊ ငါ့ဘုန်းကို သင်သည်ဖူးမြင်၊
    ငါ့ပလ္လင်ဆက်ဆံစေမည်၊ ငါ့ကိုချစ်သလော မေး၏။

    ၆။ ကျေးဇူးရှင် အကျွန်ုပ်သည် ချစ်အားနည်း ဝန်ချပါ၏၊
    သို့သော်လည်း အမှန်ချစ်ပါ၊ တိုးချစ်အောင် ကယ်မသနား၊ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال