No results found

    ၂၀၈။ နှစ်သစ်ကူးစည်းဝေးများတွင် ဆိုရန်

     


    ၁။ အပြစ်များသော ကျွန်ုပ်တို့သည် ရှေ့တော်၌ ဝန်ချပါ၊
    များပြားလှသော ကျွန်တို့ပြစ်မှ ကယ်လွှတ်မူပါ အဖ။

    ၂။ ကိုယ်ကို သနားတပါးကိုကား၊ မကြင်နာ မသနား၊
    စိမ်းကားတတ်သော သဘောဆိုးမှ ပြုပြင်ပေးပါ အဖ။

    ၃။ ချစ်ခြင်းမဲ့သော ဖြောင့်မတ်ခြင်းတွင်၊ အားကိုးဂုဏ်ယူနေစဉ်၊
    ကျဉ်းမြောင်းခဲယဉ်းသဘောနုမှ ပြောင်းလဲစေပါ အဖ။

    ၄။ လမ်းပြမူခြင်း မဆိုင်းမငံ့၊ ကိုယ့်ဉာဏ်အားကိုးတတ်လှ၊
    မြဲမြံခိုင်ခံ့ တည်ကြည်ခြင်းငှါ၊ ကိုင်ဆွဲတည်တန့်စေပါ။

    ၅။ ဉစ္စာသဏ္ဍာ၊ ဆက်ကပ်ဖို့ရာ၊ ခဲယဉ်းခြင်းမရှိပါ၊
    အလိုတော်ကို လုံးလုံးလိုက်ချင်၊ မစမူပါ သခင်။

    ၆။ နှစ်ဆန်းစခါ စိတ်တက်ကြွလာ၊ ဆက်လက်နိုးကြားစေပါ၊
    ဝိညာဉ်အစာ နေ့ရက်တိုင်းသာ၊ ယူရန်ခွန်အား ပေးပါ။ အာမင်

    Post a Comment

    Previous Next

    نموذج الاتصال