No results found

    ၀၈၉။ ကျေးဇူးတင်ခြင်းကျူး

     


    ၁။ သနားခြင်းကျေးဇူးတော်အပေါင်း ကျွန်ုပ်အောက်မေ့သောအခါ
    ချစ်ခင်စိတ်ရှိ အံ့ဩဖွယ်ရာ ချီးမွမ်းမကုန်နိုင်ပါ။

    ၂။ ကြည့်ရှုခြင်းကျေးဇူးတော် ကျွန်ုပ်ငယ်၍မသိနိုင်မီ
    နှစ်သိမ့်စရာ အတိုင်းထက်များ ကိုယ်တော်ပေးနှင့်မူပြီ။

    ၃။ ကျွန်ုပ်ပျိုစဉ် ချော်လဲစရာလမ်း၌များပြားလေသော်
    ရွှေလက်တော်သည် ယခုတိုင်အောင် ဘေးမဲ့ဆောင်ယူလေပြီ။

    ၄။ အသိန်းအသန်းဆုတော်များကို နေ့တိုင်းဆင်ခြင်လေသော်
    အမြတ်ဆုံးကား သာယာသောစိတ် ကျေးဇူးတင်တတ်သဘော။

    ၅။ ကောင်းမြတ်တော်မူခြင်းကို အစဉ် ကျွန်ုပ်လိုက်လံရှာဖွေ
    ဘတပြောင်းလျင် အထက်ဘုံမှာ ဂုဏ်တော်အကြောင်းကျူးအေး။

    ၆။ တကမ္ဘာအဆက်ဆက်ကျေးဇူးတော်သီချင်းဆိုနိုင်သော်ကား
    သီချင်းသော်လည်း ကျူးသင့်အတိုင်း မမီနိုင်ပါဘုရား (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال