No results found

    ၀၉၀။ ကယ်တင်တော်ကျူး

     


    ၁။ တုပြိုင်ဘက်သူမရှိ မပေါ် တန်ခိုးမြတ်လွန်ကြီးစွာ
    မြတ်ထာဝရဘုရားရှင်ကို သံပြိုင်အေးကျူးကုန်ပါ။

    ၂။ အံ့ဖွယ်ခပ်သိမ်းအရာတို့ကိုပြုတော်မူလေခဲ့ပြီ
    မြတ်ကိုယ်တော်၏ ညာလက်ရုံးတော် ချွတ်ကယ်အောင်ဆောင်သတည်း။

    ၃။ ဘုရားမြတ်ကျေးဇူး ကယ်တင်လမ်း အလွန်ဖြောင့်တန်းလေ၏
    တပါးအမျိုးသားများတို့အား တရားကိုပြလျက်ရှိ။

    ၄။ ကယ်ချွတ်သောကျေးဇူးတော်သတင်း ခပ်သိမ်းလူမြင်သိကြား
    မြေသားအပေါင်း ဘုရားဂုဏ်ကို သံပြိုင် အေးကျူးကုန်ပါ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال