No results found

    ၂၄၇။ ဝိညာဉ်တော် ဆုတောင်းပါကျူး


     ၁။ အိုသန့်ရှင်းသော ဝိညာဉ်ဘုရား၊ ဆင်းသက်ကြွတော်မူပါ၊
    ကျွန်ုပ်တို့ စိတ် ညစ်ညူးအရာ၊ ဆေးကြောစင်ကြယ်စေပါ။

    ၂။ ဇာတိဖြင့်ပင် ကျွန်ုပ်တို့သည် ဆိုးယုတ်ညစ်ညူးလှပါ၊
    ကိုယ်ကြံစည်ခြင်း အကျင့်ဖြင့်လည်း၊ ဆိုးညစ်အားကြီး တကား။

    ၃။ ကိုယ်လုံ့လဖြင့် ကိုယ်စိတ်သဘော မပြောင်းမလဲ တတ်ပါ၊
    ဖန်ဆင်းတတ်သော ဘုန်းအာနုဘော် အသစ်ပြုပြင် နိုင်ရာ။

    ၄။ သားတော်ဘုရား ကျွန်ုပ်တို့ကြောင့်၊ အသက်တော် စွန့်ပြီးမှ၊
    သေခြင်းမှ ထ တက်ကြွသောကြောင့်၊ ကိုယ်တော် ဆင်းသက်ရပါ။

    ၅။ အိုသန့်ရှင်းသော ဝိညာဉ်ဘုရား၊ မဆိုင်းဆင်းကြွမူပါ၊
    အသစ်သော စိတ်၊ သန့်ရှင်းအရာ၊ ပြုပြင်သွင်းပေးသနား။ အာမင်

    Post a Comment

    Previous Next

    نموذج الاتصال