No results found

    ၂၄၈။ တရားနာဉီးကျူး

     


    ၁။ သခင်ဘုရား ကြည့်တော်မူပါ၊ အစေတော်ခံရပ်လျှင်၊
    တရားတော် မျိုးစေ့ ကြဲသောခါ၊ ကျွန်ုပ်တို့ စိတ်ပြင်ဆင်။

    ၂။ ကြောက်ရွံ့ရိုသေစွာ နေပါစေ၊ နှုတ်ကပတ်တော်မြတ်အား၊
    ကြည်ညိုသော စေတနာကို ပေး၊ နားထောင်စေတော်မူပါ။

    ၃။ သတိမရှိသော သူနှိုးဆော်၊ မမြင်သော မျက်စိဖွင့်၊
    လွန်ကျူး အပြစ်မျိုးမျိုး ထုတ်ဖော်၊ သံဝေဂ စိတ်ပြုပြင်။

    ၄။ အပြစ်လွှတ်ပိုင်သခင်ကို ပြ၊ သွေးတော်တန်ခိုးသိစေ၊
    ကျေးဇူးတော် သိ၊ ချီးမွမ်းစိတ်ပါ၊ မှီဝဲ ဆည်းကပ်ခိုစေ။

    ၅။ အိုကောင်းကင်ရှင် အဘဘုရား၊ ဝိညာဉ်တော် မိုးရွာစေ၊
    တရားတော် မျိုး အသီးများစွာ ကျွန်ုပ်တို့ မြင်ပါစေ။ အာမင်

    ၂၄၈ (က) ငါ့စိတ်နှလုံးအတွင်းထဲသို့
    ငါ စိတ်နှလုံးအတွင်းထဲသို့ ဝင်ရောက် ကိန်းဝပ်ပါ၊ ရှင်ယေရှု၊
    ယနေ့ကြွပါ၊ ယနေ့ဝင်ပါ၊ ငါ၏ စိတ်နှလုံးတွင် ကိန်းပါ။

    Post a Comment

    Previous Next

    نموذج الاتصال