No results found

    ၃၄၂။ အသက်မုန့်ကို အသနားခံကျူး


     ၁။ အသက်မုန့် ကျွန်ုပ်အား ပေးပါဘုရား၊ အိုင်နားမှာ ပြုနည်းတူ ကျွန်ုပ်တို့အား၊
    ကျမ်းစာတော်မြတ်အပြင် ကိုယ်တော်အသား၊ ငတ်မွတ်သော ဝိညာဉ်အား ကျွေးပါ၊ ဘုရား။

    ၂။ သမ္မာတရားတော်ဖြင့် ကျွန်ုပ်တို့အား၊ မင်္ဂလာဖြစ်စေအောင် ပြုပြင်မူပါ၊
    သို့မှပြစ်ရှိသမျှ ကင်းစေပါမည်၊ တို့ ဝိညာဉ် ငြိမ်သက်ခြင်းတည်စေသတည်း။

    ၃။ ကျွန်ုပ် ဉစ္စာပစ္စည်း၊ အသက်ဝိညာဉ်၊ ရှိသမျှအရာကို ထံတော် ဆက်သွင်း၊
    ကြံစည်တော်မူသည်ကို ကျွန်ုပ်မသိ၊ ယုံခြင်း၊ မျှော်လင့်ခြင်းနှင့် အပ်ထားပါ၏။

    ၄။ ကိုယ်တော်အကြံတော်မှာ သုံးတော်မူပါ၊ ကျွန်ုပ်ကို ခိုင်းလိုလျှင် စေခိုင်းမူပါ၊
    သို့လျှင် ငတ်မွတ်သောသူ၊ အားနည်းသူလည်း၊ အသက်မုန့်စားရန် အခွင့်ရပေမည်။ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال