No results found

    ၃၄၁။ ပွဲတော်ကျူး

     


    ၁။ ရှင်ယေရှုသေခံခါနီး တပည့်တို့ကိုမိန့်မှာ၏
    ငါ့ကိုကားအောက်မေ့ဖို့ရာ ငါ့ပွဲတော်ကိုစောင့်ကုန်ပါ။

    ၂။ ဤလူ့ပြည့်မှာ လူကိုယ်စား ငါခံရ
    ဆင်းရဲဒုက္ခ အောက်မေ့ဖို့စားသောက်သောပြွတော်ကို ခံကြကုန်လော့။

    ၃။ ပွဲတော်၏အဓိပ္ပါယ်ကား ဖဲ့သောမုန့် ငါ၏အသား
    သွန်းလောင်းသောစပျစ်ရည်လည်း ငါ့အသွေးဆိုလိုသတည်း။

    ၄။ ငါစွန့်သောအသွေးအသား စားသောက်သောမူမည်သည်ကား
    ပြစ်ငရဲကင်းလွတ်လိမ့်မည်  ကောင်းကင်ဘုံဝင်ထိုက်ပေ၏။

    ၅။ ရှင်ယေရှုလူတို့အတွက်စွန့်တော်မူ မိမိအသက်
    ဤသည်ကား ချီးမွမ်းမမှီ ကျေးဇူးတော်ကြီးလှပေ၏။

    ၆။ ရှင်ယောရှုကျွန်ုပ်တို့သည် ပွဲတော်ကြောင့်ဝမ်းသာပါ၏
    ကျေးဇူးတော်ကိုအောက်မေ့သော် ရောက်ချင်လှဘုရားထံတော် (အာမင်)


    Post a Comment

    Previous Next

    نموذج الاتصال