No results found

    ၃၄၀။ ယေရှုကို ကိုးစားကျူး


     ၁။ သခင်ယေရှု အပေါ်ဝယ်၊ ငါ၏ အပြစ်တင်ပြီ၊
    ဘုရားသခင်၏ သိုးငယ်ရှိရှိသမျှဆောင်၏၊
    သခင်ယေရှု အထံတော် ညစ်စွန်းလျက်ပင်ကပ်သည်၊
    သွန်းတော်မူသော အသွေးတော် ဖြူစင်စွာ ဆေးကြော၏။

    ၂။ သခင်ယေရှု အထဲမှာ ငါလိုသမျှတွေ့၏၊
    ရန်သူမျိုးမျိုးတို့လက်မှ ရွေးနုတ်ကယ်တော်မူ၏၊
    သခင်ယေရှုအပေါ်တွင် ငါ့ဒုက္ခများတင်သည်၊
    ဆက်ဆံယူတော်မူအားဖြင့် ပေါ့ပါးစွာ ခံသာသည်။

    ၃။ သခင်ယေရှု လက်တော်သို့ ငါ့ဝိညာဉ်အပ်နှံ၏၊
    လက်ခံဘက်ယမ်းတော်မူလေ၊ ရင်တော်၌ မီရသည်၊
    သခင်ယေရှု နာမတော် ငါ့နား၌ ချိုလှ၏၊
    မွှေးကြိုင်သော နံ့သာလိုလေ ဧမာနွေလတူသည်။

    ၄။ သခင်ယေရှုနှင့်တူစွာ အလွန်ဖြစ်ချင်လှသည်၊
    သိမ်မွေ့နူးညံ့ ချစ်ခင်လျက် ဘုရားသခင် သားတည်း၊
    သခင်ယေရှုနှင့်အတူ အလွန်နေချင်လှ၏၊
    ရွှေကောင်းကင် သီချင်းများဖြင့် အေးကျူး ချီးမွမ်းဆိုမည်။

    Post a Comment

    Previous Next

    نموذج الاتصال