No results found

    ၃၃၂။ အသင်းတော်ကို ချစ်ခြင်းကျူး


     ၁။ နိုင်ငံတော်ကို သခင်၊ အကျွန်ုပ် ချစ်ပါ၏၊
    အသွေးတော်နှင့် ဝယ်သောအသင်း၊ ကိန်းဝပ်ရာ အိမ်တော်တည်း။

    ၂။ ဗိမာန်တော်ချစ်ပါ၏၊ အမြစ်ထရံကျောက်များ၊
    ကျောင်းတော်လုံးစုံတင့်တယ်လှသည်၊ လက်ဝါးတော်၌ ရေးသား။

    ၃။ ငါ၏ မျက်ရည်ယိုကျ၊ ငါပဌနာပြုသော်၊
    ငါကြံဖန်အားထုတ်လေသမျှ ကျောင်းတော်သို့ ဖြစ်စေသော။

    ၄။ ကျောင်းတော်ပြညွှန် သက်လမ်း၊ ကျောင်းသားချင်းချင်း မေတ္တာ၊
    စုဝေးတောင်းခြင်း၊ သီချင်းချိုသံ၊ အနှစ်သက်ဆုံးအရာ။

    ၅။ လူ၏ မိတ်တွေ ယေရှု၊ ကယ်ချွတ်အုပ်စိုး ဘုရား၊
    စိုးရိမ်ရဘေးရှိရှိ ရန်သူ၊ လက်ရုံးတော် ကွယ်ကာရာ။

    ၆။ ကတိတော်တည်မြဲကား၊ ချစ်မြို့တော် ဇိအုန်သည်၊
    မြေကြီးကောင်းကင်မြတ်ဆုံးဘုံများ၊ အမွေခံအံ့သတည်း။

    Post a Comment

    Previous Next

    نموذج الاتصال