No results found

    ၀၀၇။ တရားနေမင်းကျူး

     


     ၁။ ဖြောင့်မတ်ခြင်း၏ တရားနေမင်း၊ ကိုယ်တော်ရှေ့၌ ညဉ့်နက်ပျောက်လွင့်၊


    ရွှေမျက်နှာတော် မကွယ်စိမ့်ငှာ၊ မိုးတိမ်ရီမှောင်ဖျောက်တော်မူပါ၊

    ၂။ ကိုယ်တော်၏ ကျွန်ပင်ပန်းဖြင့်၊ မျက်လွှာလေးလံ၍ အိပ်ပျော်လျှင်၊
    ကယ်တင်ပိုင်ရှင် ရင်ခွင်တော်မှာ အမောပြေသော် မြတ်မင်္ဂလာ

    ၃။ ကိုယ်တော်မြတ် ရှိတော်မူမှသာ ကျွန်ုပ်နေဝံ့ သေဝံ့နိုင်ပါ၊
    ကျွန်ုပ်အနား ကိုယ်တော်ကိန်းဝပ်၊ ကြွတော်မူပါ နေ့ညဉ့်မပြတ်။

    ၄။ အကြင်သူသည် ယနေ့တွင်ပင်၊ သမ္မာတရားကို ငြင်းပယ်လျှင်၊
    ထိုသူ နောက်နောင်မမှား စိမ့်ငှာ၊ လမ်းလွဲရာမှ ကယ်ချွတ်မူပါ။

    ၅။ မမာမကျန်း ဆင်းရဲသူတို့၊ ဤညဉ့်မြည်တမ်းသောသူ တို့ကို၊
    ဘဏ္ဍာတော်တိုက်ကို ဖွင့်သဖြင့်၊ နှစ်သိမ့်စေတော်မူပါအရှင်။

    ၆။ နံနက် ကျွန်ုပ်တို့ နိုးကြလျှင်၊ အသီးသီး လုပ်ကိုင်သည်တွင်၊
    လမ်းဆုံးမှာလည်း ရွှေကောင်းကင်မှာ ကောင်းကျိုးကို ပေးမူပါဘုရား။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال