No results found

    ၂၃၄။ အမှုတော်ဆောင်လော့ကျူး

     


    ၁။ အမှုတော်ဆောင်၊ ကိုယ်ကို ပူဇော်၊ အလိုတော်လိုက်ဖို့ရန် အားရ၊
    သခင်ကိုယ်တိုင် ဤလမ်းကြွသော်၊ ကိုယ်တော်၏ ကျွန်၊
    မလျှောက်ရလား၊ ကိုယ်တော်၏ ကျွန်၊ မလျှောက်ရလား။

    ၂။ အမှုတော်ဆောင် အကျိုးမညံ့၊ လောကီအရှုံး ကောင်းကင်ချမ်းသာ၊
    ချီးမွမ်းချစ်ခြင်း လူကမခံ၊ သခင်ကခံမည် လူကိုထား၊
    သခင်ကခံမည် လူကိုထား။

    ၃။ အမှုတော်ဆောင် သင်၏ နှလုံး ကိုယ်တော်ရှုမှတ်အားပေးချီးမွမ်း၊
    အမှုတော်ကို ဆောင်လျှင် မရှုံး၊ ကောင်းကျိုးစည်းစိမ် ဝင်စားရအံ့၊
    ကောင်းကျိုးစည်းစိမ် ဝင်စားရအံ့။

    ၄။ အမှုတော်ဆောင် ဆောင်လျက်ရွှင်လန်း၊ ပင်ပန်းခြင်းနောက်၊ အိမ်မှာ ငြိမ်းခြင်း၊
    ငါလာမည်ဟု သန်းခေါင်အသံ၊ သင်ကြားလိမ့်မည်၊ မကြာမမြင့်၊
    သင်ကြားလိမ့်မည်၊ မကြာမမြင့်။

    Post a Comment

    Previous Next

    نموذج الاتصال