No results found

    ၂၃၅။ ကိုးစား၍ နားထောင်သီချင်း

     


    ၁။ နှုတ်ကပတ် အလင်းတွင် ယေရှုနှင့် လျှောက်သွားစဉ်၊
    ငါတို့လမ်းထွန်းလင်းစေတော်မူသည်၊ အလိုတော်ကို လိုက်လျှင်
    အတူရှိမည်အစဉ်၊ ကိုးစား၍ နားထောင်လျက်နေရမည်။

    ထပ်ဆို
    ကိုးစားနားထောင်၊ ခြားသောလမ်းရှာမတွေ့၊
    ယေရှု၌ ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။

    ၂။ ငါတို့၏ လေးသောဝန် ဆင်းရဲ ဒုက္ခခံဖို့
    ကိုယ်တော်၏ ကျေးဇူးမြတ်လောက်ပေ၏၊ ငါတို့ ကြောက်လန့်စေရန်
    စာတန်နှောင့်ယှက်ရာကို ကိုးစားနားထောင်ခြင်းဖြင့် ပျောက်စေမည်။

    ၃။ သို့သော်လည်း ငါတို့၌ ရှိသမျှသောအရာ ကိုယ်တော်လက်၌ အပ်ထားကြရမည်၊
    ကိုယ်ကို မအပ်နှံလျှင်၊ ဆုကျေးဇူးတော်အများ၊
    ငါတို့အလျင်းမခံစားနိုင်ကြ။

    ၄။ ငါတို့သည် ယေရှုနှင့် မိတ်သဟာယဖွဲ့လျှင် ကိုယ်တော်နှင့်အတူ သွားလာကြမည်၊
    မိန့်တော်မူသည်အတိုင်း သွားလာဆောင်ရွက်ပါမည်၊
    မကြောက်ဘဲ ကိုးစားလျက် နားထောင်မည်။

    Post a Comment

    Previous Next

    نموذج الاتصال