No results found

    ၁၁၈။ လွှတ်ခြင်းကျေးဇူးကျူး

     


    ၁။ အိုကျေးဇူးရှင် သခင်ဘုရား၊ ပြစ်မှားသော သူတို့ကို၊
    နုတ်ယူကယ်တင် ချစ်ခင်သနား၊ မြတ်ကျေးဇူးသီချင်းဆို။

    ၂။ ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်အား ပြစ်မှားအပြစ်များကို
    သခင်ယေရှု လွှတ်တော်မူပါ၊ ကျေးဇူးတော် သီချင်းဆို။

    ၃။ ရွှေပြည်နိုင်ငံ စံတော်မူရာ၊ ကြီးမြတ်သော ချမ်းသာကို၊
    ကျွန်ုပ်တို့အား ပေးတော်မူပါ၊ မြတ်ကျေးဇူးသီချင်းဆို။

    ၄။ လွန်ကြီးမြတ်လှ သုခချမ်းသာ၊ ပေးသော ကျေးဇူးတော်ကို၊
    ကျွန်ုပ်တို့သည် ကာလအစဉ်၊ ကျေးဇူးကို ချီးမွမ်းဆို။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال