No results found

    ၁၁၆။ ကိုယ်တော်ကို ချစ်ပါ၏ကျူး


     ၁။ လောကီပျော်မွေ့ခြင်းများ ကွယ်ပျောက်လေပြီ၊ ကျွန်ုပ်၏ ပြစ်များနှင့် ကြောက်ဖွယ်ရာများ၊
    ကျေးဇူးတော်ကြောင့် ကွယ်ပျောက်ကြောင်း သိရပြီ၊
    ယေရှုသွေးတော်မြတ်ဖြင့် မိုးပွင့်လို ဖြူစေပြီ။

    ထပ်ဆို
    ကိုယ်တော်ကို ချစ်ပါ၏၊ ကိုယ်တော် ဉီးစွာချစ်၍ ကားတိုင်ပေါ်တွင်
    ကျွန်ုပ်ကို ကယ်သောကြောင့်ပေတည်း။

    ၂။ ရှေးကပြစ်၌ နစ်မွန်းဆုံးရှုံးလေပြီ၊ ယံမှားခြင်းနှင့် ကြောက်ခြင်းလည်း ရှိခဲ့ပြီ၊
    မေတ္တာရှင် ဘုရားကိုးစားရန် ကြောက်၏၊
    သို့သော်၊ ယေရှုသွေးတော်ဖြင့် ပြစ်ဆေးကြောပြီ။

    ၃။ ချည်နှောင်ခြင်းခံရသော်လည်း ခုလွတ်ပြီ၊ ကန်းသော မျက်စိယခု အလင်းမြင်ပြီ၊
    ပြစ်၌သေ၏၊ ခရစ်တော်၌ ရှင်ပြန်ပြီ၊
    ကိုယ်တော်သာပေးနိုင်သော ငြိမ်သက်ခြင်း ကြော်ငြာမည်။

    Post a Comment

    Previous Next

    نموذج الاتصال