No results found

    ၂၀၂။ လွန်မသွားပါနှင့်ကျူး

     


    ၁။ ကယ်တင်ရှင် လွန်မသွားပါနှင့်၊ ကျွန်ုပ်လျှောက်ပါ၏၊
    ခြားသောသူနှင့် စိတ်တော်တွေ့လျှင်၊ လွန်မသွားပါနှင့်။

    ထပ်ဆို
    ယေရှု၊ ယေရှု၊ ကျွန်ုပ်ခေါ်ပါ၏၊
    ခြားသောသူကို ခေါ်၍နေစဉ်၊ လွန်မသွားပါနှင့်။

    ၂။ ကရုဏာ ပလ္လင်တော်ရင်းမှာ ငြိမ်သက်ခြင်းပေးပါ၊
    နောင်တစိတ်နှင့် ဒူးထောက်နေစဉ် မယုံခြင်းကယ်မ။

    ၃။ ကုသိုလ်တော်ကိုသာ ယုံကြည်လျက် မျက်နှာတော်ရှာသည်၊
    ကြေမွ ဝိညာဉ်ကျန်းမာစေပါ၊ ကျေးဇူးဖြင့် ကယ်မ။

    ၄။ သက်သာခြင်း ကိုယ်တော်ရှင်မြတ်မှာ သက်ထက်ဖိုးထိုက်လှ၊
    ကိုယ်တော်အပြင် အောက်ရပ် ကောင်းကင်၊ ကျွန်ုပ်တွင် မရှိ။

    Post a Comment

    Previous Next

    نموذج الاتصال