No results found

    ၂၀၃။ ပတ္ထနာကျူး

     


    ၁။ ကောင်းကင်ဘုံတွင် အစဉ်ရှိသော၊ ခပ်သိမ်းသော အရပ် ကိန်းဝပ်စံပျော်၊
    ကိုယ်တော်ရှေ့မှာ လူသတ္တဝါ အပြစ်များကြောင့် ရှက်ကြောက်ရပါ။

    ၂။ သို့ဖြစ်သော်လည်း ကရုဏာရှင်၊ အသက်တော်နှင့် ဝယ်တော်မူလျှင်၊
    ယုံကြည်သောသူ အပြစ်ဖုံးအုပ်၊ မဟာမေတ္တာတော်နှင့် ရွေးနုတ်။

    ၃။ ဖန်ဆင်းတော်မူ လူမျိုးမျိုးတို့၊ သနားခြင်းစိတ်တော်နှင့် နှိုးဆော်၊
    အကျိုးအကြောင်း သိစေခြင်းငှါ၊ ပညာအလင်းပေးတော်မူပါ။

    ၄။ သခင်ယေရှု ရွှေမျက်နှာတော်၊ ကျွန်ုပ် ဝိညာဉ်အစည် ဖူးမျှော်
    ခြေတော်ရာများ လိုက်နိုင်အံ့ငှာ၊ သည်းခံခြင်းစိတ် ပေးတော်မူပါ။

    Post a Comment

    Previous Next

    نموذج الاتصال