No results found

    ၀၄၆။ ဂုဏ်တော်ချီးမွမ်းကျူး


    ၁။ ကမ္ဘာစိုးပိုင်ဘုရား အံ့ဩဖွယ်ဖန်ဆင်းရာ
    လူတိုင်းကိုနှုတ်နှလုံး ကိုယ်တော်အားချီးမွမ်းကြကုန်။
    ဖွားဦးကပင်ချစ်ခင်ကျေးဇူး မပြတ်အစဉ်၊
    ကျွန်ုပ်တို့ဘဘုရား ယခုတိုင် ပေးသနား။

    ၂။ မြတ်ဘုရားကျေးဇူးရှင် ကျွန်ုပ်တို့၏အနီးတွင်
    တသက်လုံးပင်နေပြီး စိတ်လက်ရွှင်လန်းသာစေသတည်း၊
    ရှုပ်ထွေးစဉ်ခါလမ်းပြ ယခုနှင့်နောင်ဘေးမှ
    ကျေးဇူးဂုဏ်နှင့်ကွယ်ကာ ကယ်တင်မူပါဘုရား။

    ၃။ ခမည်းတော်သားတော်နှင့် အတူစိုးစံတော်မူရှင်
    သန့်ရှင်းဝိညာဉ်တော်အားဘုန်းတော်ချီးမွမ်းပစေသား၊
    နိစ္စဘုရားတဆူ မြေမိုးကိုးကွယ်ဝတ်ပြု၊
    ရှေးကာလနှင့်မလွဲ ယခုနောင်စဉ်အမြဲ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال