No results found

    ၀၄၅။ မေတ္တာတော်ကျူး

     


    ၁။ အို ငါ့ဝိညာဉ် နိုးပါအလျင်၊ ရှင်ယေရှုကို သီချင်းမြွက်ဆို၊
    ကျေးဇူးတော်ကား ချီးမြှောက်ဖွယ်ရာ မေတ္တာတော်မြတ် မြင့်လှတကား၊
    မေတ္တာတော်မြတ် မေတ္တာတော်မြတ် မေတ္တာတော်မြတ် မြင့်လှတကား။

    ၂။ ငါသည် ငရဲခံထိုက်သော်လည်း ရှင်ယေရှုပင် ငါ့ကို ကယ်တင်၊
    ငါ့ပြစ်ရှိရာ ဆေးကြောပယ်ရှား မေတ္တာတော်မြတ် မြင့်လှတကား၊
    မေတ္တာတော်မြတ် မေတ္တာတော်မြတ် မေတ္တာတော်မြတ် မြင့်လှတကား။

    ၃။ ငါ့ရန်သူဆိုး လုပ်ကြံ တိုက်ထိုး ငါ့ကို ဆီးတား မနိုင်ကြရာ၊
    ရှင်ယေရှုသည် ငါ့ဘက်၌ရှိ၊ မေတ္တာတော်မြတ် အောင်မြင်သတည်း၊
    မေတ္တာတော်မြတ် မေတ္တာတော်မြတ် မေတ္တာတော်မြတ် အောင်မြင်သတည်း။

    ၄။ ငါ့စိတ်သဘော သော့သွမ်းလျှပ်ပေါ်၊ ရှင်ယေရှုကို မေ့လျော့သည်လို၊
    ကြိမ်ဖန်ခါများ ဖြစ်ဘူးသည်မှာ မေတ္တာတော်မြတ် မပြောင်းမခြား၊
    မေတ္တာတော်မြတ် မေတ္တာတော်မြတ် မေတ္တာတော်မြတ် မပြောင်းမခြား။

    ၅။ မကြာမြင့်မီ သေရသော်လည်း လန့်ကြောက်ဘေးကင်း ဝမ်းသာစိတ်ရွှင်၊
    ကျေးဇူးတော်ကား ငါကိုးစားရာ မေတ္တာတော်မြတ် သေဆဲကျူးလာ၊
    မေတ္တာတော်မြတ် မေတ္တာတော်မြတ် မေတ္တာတော်မြတ် သေဆဲ ကျူးလာ။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال