No results found

    ၂၂၂။ အိုယေရှု ကျွန်ုပ်ကတိရှိပြီကျူး


     ၁။ အဆုံးတိုင်အောင် မှုဆောင်မည်၊ ကျွန်ုပ်ကတိရှိပြီ၊
    ကိုယ်တော်ရှင်သည် အနားမှာ အစဉ်ရှိတော်မူပါ၊
    ကိုယ်တော်အရှင်ရှိခဲ့လျှင် ကြောက်ရာ ဘာမျှမမြင်၊
    ကိုယ်တော်ရှင် လမ်းပြသောခါ၊ လမ်းသည် မလွဲနိုင်ပါ။

    ၂။ ကျွန်ုပ်နားမှာ စဉ်နေပါ၊ စုံစမ်းခြင်းများ လှပါ၊
    လောက သွေးဆောင်ခြင်းများသည် ပတ်လည်ဝိုင်းလျက်ရှိ၏၊
    ရန်သူများအတွင်းအပြင်၊ ရှိနေကြသည်အစဉ်၊
    ဝိညာဉ်ကို ကွယ်ကာဖို့ရာ အနီးကြွတော်မူပါ။

    ၃။ တက်မက်စွဲလမ်း မုန်တိုင်းနှင့် စိတ်လိုလိုက်ခြင်းထဲမှ၊
    မိန့်တော်သံတည်ငြိမ် ကြည်လင်ကြားခွင့်ပေးပါအရှင်၊
    မှားမှန်ခွဲခြား သိစေရန်၊ ညွှန်ကြားကိုယ်တော်ထပ်မံ၊
    ကြားနိုင်အောင် နားထောင်ဖို့ရာ ပြုပြင်ပါ၊ ရှင်ဘုရား။ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال