No results found

    ၂၂၁။ ပြောင်းလဲခြင်းကျူး


     ၁။ ချစ်ဖွယ်သခင်၊ ကျွန်ုပ်သက်တွင် ရှုပ်ထွေးခြင်းကို ယူပါ၊
    ရွှေလက်တော်၏ ဉာဏ်အစွမ်းဖြင့် တင့်တယ်အောင် ပြုမူပါ။

    ထပ်ဆို
    ကျေးဇူးတော်ကြောင့် ပြောင်းရာ ကိုယ်တော်ရှင့်ဘုန်းတော်သာ၊
    ကိုယ်တော်သန့်ရှင်းဆုံး လိုတော်သို့ ငါတို့အားလုံး အပ်စို့။

    ၂။ ဝမ်းနည်းစိတ်ပျက် ညိုးငယ်သူတွက် ရွှေလက်တော် ဆန့်မူလျက်၊
    ငြိမ်သက်ခြင်းနှင့် ညီညွတ်စေဖို့ ကိုယ်တော်ပြင်ပေးစေလို။

    ၃။ ထားခဲ့ကတိကျိုးပျက်လျက်ရှိ၊ ချည်းနှီးနှစ်များ လွန်ပြီ၊
    ပြန်ကောင်းစေရန်၊ ငိုကြွေးတောင်းပန် သီချင်းသံဖြင့် ချီးမွမ်း။

    ၄။ လောကဆုံးရှုံးမှားယွင်းခြင်းများ ကိုယ်တော် ကုန်စင်ယူပါ၊
    ကယ်တင်ရှင်၏ နာမတော်ကို ချီးမွမ်းလျက် သီချင်းဆို။

    Post a Comment

    Previous Next

    نموذج الاتصال