No results found

    ၁၂၃။ ကားတိုင်မှာကျူး

     


    ၁။ ကိုယ်တော်ဝန်ခံ မှုတော်ဆောင်ရွက်၊ ကျွန်ုပ်အလင်းမရှာ၊
    နှုတ်ကပတ်တော် ချီးမွမ်းမြှောက်စား တိုင်တော်မြတ် ဝါကြွားရာ၊

    ထပ်ဆို
    တိုင်တော်တွင်၊ တိုင်တော်တွင် ပဌမ အလင်းမြင်၊
    ကျွန်ုပ်နှလုံးမှ ဝန်ထုပ် လိမ့်သွား၏၊ ထိုမှာ ယုံခြင်းဖြင့်
    အလင်းကို မြင်သည်၊ ယခု တနေ့လုံး ဝမ်းမြောက်လျက်ရှိ။

    ၂။ ယေရှုနာမတော်မြတ်သိ၏၊ ထိုနာမကို ယုံကြည်၊
    ကျွန်ုပ် ဝိညာဉ်ရှက်ခြင်းကင်းစေ၊ မြှော်လင့်ခြင်းလည်း တည်စေ။

    ၃။ ပလ္လင်တော်မြတ် ခိုင်ခံ့သည်နည်း၊ ဂတိတော်မြတ်တည်၏၊
    လက်တော်ထဲမှာ အပ်ထားသမျှ၊ ကိုယ်တော် စောင့်ထိန်းနိုင်ပါ။

    ၄။ ခမည်းတော်ရှင် မျက်မှောက်တော်တွင်၊ ကျွန်ုပ်ကို ဝန်ခံမည်၊
    ယေရုရှလင်မြို့တော်သစ်မှာ၊ ကျွန်ုပ်နေရာ ပြင်ထား။

    Post a Comment

    Previous Next

    نموذج الاتصال