No results found

    ၁၂၁။ လက်ဝါးကပ်တိုင်တော်အောက်ကျူး


     ၁။ လက်ဝါးကပ်တိုင်တော်အောက်တွင် ငါသည် ခိုလှုံလိုလေ၊
    နေပူပြင်းသော ဒေသ၌ပင်၊ ကျောက်လုံးကြီး ရိပ်လိုပေ၊
    ဒေါသမုန်တိုင်းကျသောအခါ၊ ဘေးပေါင်းကွယ်ကာရာတည်း၊
    ဝန်လေးသောသူ ဝန်ချထားရာ၊ မောသူနားရာ ဖြစ်သည်။

    ၂။ အိုလုံခြုံသော ကွယ်ကာရာ၊ အံ့ထူးတည်းခိုဖွယ်လေ၊
    အာဏာတော်နှင့်ဘုရား မေတ္တာ၊ တွေ့ကြုံဆုံစည်းရာပေ၊
    ရှေးခါ ယာကုပ်မြင်မက်သည်လို၊ နိမိတ်ထူးမြတ်လှလေ၊
    ယေရှုတိုင်တော် လှေကားကဲ့သို့ ကောင်းကင်မှီရာ ဖြစ်ပေ။

    ၃။ ထိုတိုင်တော်မြတ် အပေါ်တွင်၊ တစ်ရံတစ်ခါ ကြည့်သော်၊
    ငါ့တွက်သေခံ သဏ္ဍာန်တော်ပင်၊ ငါမြင်သည်လိုထင်ပေါ်၊
    ထိုသို့ မြင်တိုင်း မျက်ရည်ကျစဉ်၊ အံ့ဖွယ်နှစ်ခု တွေ့သည်၊
    အတုမရှိ၊ မေတ္တာတော်နှင့်၊ ကျွန်ုပ် ယုတ်ညံ့ခြင်းတည်း။

    ၄။ ထိုတိုင်တော်မြတ် အရိပ်သာ၊ ငါခိုလှုံရာဖြစ်စေ၊
    မျက်နှာရောင်ခြည်ထွန်းတောက်မူရာ၊ ငါ၏ အလင်းဖြစ်လေ၊
    သို့ဖြစ်လောကီ စည်းစိမ်ဆင်းရဲ အရှုံးအမြတ်မထင်၊
    ကိုယ်ပြစ်ကိုသာ ရှက်စရာ ဖြစ်ဖွယ်တိုင်တော် ငါဝါကြွားရာ။

    Post a Comment

    Previous Next

    نموذج الاتصال