No results found

    ၁၀၉။ ယေရှုကို ချီးမြှောက်ကျူး

     


    ၁။ ယေရှုအိုမင်္ဂလာနာမ၊ ကောင်းကင်မြေပေါ်၊ မြေအောက်၊
    ဝေနေသတ္တဝါ ရှိသမျှ ထိုနာမအား ဒူးထောက်။

    ၂။ ဘုရားသဏ္ဍာန်တော်နှင့် ပြည့်စုံ၊ ဘုရားတုဘက်ဖြစ်ရာ၊
    မြတ်ဘုန်းတော်ကို စွန့်ပယ် လွှမ်းခြုံ၊ ကျွန်သဏ္ဍာန်ကို ယူလာ။

    ၃။ လူ၏ အဖြစ်ယူပြီး ဖြစ်သော်၊ လူတို့အတွက် အတာ၊
    ယုတ်ညံ့လက်ဝါးကပ်တိုင်အပေါ်၊ အသက်တော်စွန့်တကား။

    ၄။ ထို့ကြောင့် ခမည်းတော်အား နူးညွတ်၊ ထိုမျှ နှိမ့်ချလူအား၊
    နာမတကာတို့ထက် ဘွဲ့မြတ်၊ ပေးတင် အထွဋ်မြှောက်ထား။

    ၅။ ယေရှုယေရှု အိုမြတ်နာမ၊ ကောင်းကင်မြေပေါ်၊
    မြေအောက် ဝေနေသတ္တဝါ ရှိသမျှ၊ ထိုနာမအား ဒူးထောက်။

    ၁၀၉ (က) ယေရှုနှင့် လျှောက်သွားကျူး
    ယေရှုနှင့် လျှောက်သွား၊ နေ့စဉ်နှင့်အမျှ၊ လမ်းဆုံးရောက်သည်တိုင်၊
    ယေရှုနှင့် လျှောက်သွား၊ ယေရှုရှင်နှင့် လျှောက်မည်။

    Post a Comment

    Previous Next

    نموذج الاتصال