No results found

    ၁၁၀။ ချီးမွမ်းကျူး

     


    ၁။ သခင်ယေရှုနာမတော်အားဖြင့် မင်္ဂလာဖြစ်စေ
    ကောင်းကင်တမန်အပေါင်းမြောက်ကြ အထွဋ်ဘုရင်ခေါ်မည်
    ကောင်းကင်တမန်အပေါင်းမြောက်ကြ အထွဋ်ဘုရင်ခေါ်မည်။

    ၂။ ရွေးကောက်တော်ဣသရေလမျိုး အကျန်အကြွင်းနည်းပါး
    ကျေးဇူးတော်ဖြင့်ကယ်ချွတ်ရှင်ကို အထွဋ်ဘုရင်ခေါ်ကြ
    ကျေးဇူးတော်ဖြင့်ကယ်ချွတ်ရှင်ကို အထွဋ်ဘုရင်ခေါ်ကြ။

    ၃။ တပါးအမျိုးသားလည်း ထိုသို့ရွေးကျေးဇူးတော်ချီးမွမ်း
    ခြေရင်းတော်၌ဦးညွတ်ရိုခိုး အထွဋ်ဘုရင်ခေါ်ကုန်
    ခြေရင်းတော်၌ဦးညွတ်ရိုခိုး အထွဋ်ဘုရင်ခေါ်ကုန်။

    ၄။ မြေကြီးပေါ်တွင်လူမျိုးဘာသာ ရှိရှိသမျှလုံးစုံ
    ဂုဏ်ကျေးဇူးတော်အပေါင်းမြောက်ကြ အထွဋ်ဘုရင်ခေါ်ကုန်
    ဂုဏ်ကျေးဇူးတော်အပေါင်းမြောက်ကြ အထွဋ်ဘုရင်ခေါ်ကုန်။

    ၅။ ထိုချီးမွမ်းသောသူတို့အတူ ကျွန်ုပ်တို့လည်းပါစေ
    မပြတ်အစဉ်သီချင်းအေးကျူး အထွဋ်ဘုရင်ခေါ်မည်
    မပြတ်အစဉ်သီချင်းအေးကျူး အထွဋ်ဘုရင်ခေါ်မည်။

    Post a Comment

    Previous Next

    نموذج الاتصال