No results found

    ၃၇၆။ ထိုရပ်မှာ နေလိုသည်ကျူး


     ၁။ ဝေးလှသော ပြည်ရှိကြောင်း ကြားရပြီ၊ ဘုန်းတော်မြတ်နှုတ်ဖြင့် မြွက်ဆိုမမှီ၊
    အိမ်တော် နေထက်ထွန်းတောက် သာယာ၏၊ ယေရှုရှင်နှင့် အစဉ်နေလိုသည်။

    ထပ်ဆို
    ထိုရပ်မှာ၊ ထိုရပ်မှာ ယေရှုရှင်နှင့် အစဉ်လျှင်နေချင်၊
    ထိုရပ်မှာ၊ ထိုရပ်မှာ ယေရှုရှင်နှင့် အစဉ်လျှင်နေချင်။

    ၂။ လောကတွင် ဝမ်းမြောက်ရွှင်လန်းခြင်းများ၊ ကောင်းကင်ဘုံပမာ ဆောင်ပြလျက်ရှိ၊
    မောပန်းသူများတို့ နားနေစရာ၊ ပြည်တော်ဘုန်းကို လူသည် မှန်မသိ။

    ၃။ ထိုရပ်မှာ တင့်တယ်ဘုန်းတော်မြတ်တွင် ကြည်လင်စွာ သက်စမ်းရေမြစ်မှာ၊
    တည်ကြည်ဖြောင့်မတ်သူများ စံစားလျှင်၊ သာယာစွာ ဘေးမှ လွတ်ကင်းရှင်းကွာ။

    ၄။ ကယ်တင်ခြင်းခံသူများ ထိုရပ်မှာ၊ ယေရှုနှင့် သိုးခြံတော် ရိပ်အောက်မှာ၊
    စဉ်မပြတ် ဧမာနွေလအပါး၊ သူတို့သည် ပြောမမီ ဘုန်းစံစား။

    Post a Comment

    Previous Next

    نموذج الاتصال