No results found

    ၃၇၇။ ငါ့ဝိညာဉ်ကျူး

     


    ၁။ ငါ့ဝိညာဉ်အတောင်ကို ဖြန့်၊ ကောင်းကင်ဆုမြတ်ရှုမျှော်၊
    သင့်ဇာတိအရပ်သို့ပျံ၊ သင်္ခါရကို စွန့်လော့၊
    နေလကြယ် ယိုယွင်းကြသည်၊ ဤမြေကြီးလည်း ရွေ့သွားမည်၊
    ထ၊ လျင်မြန်စွာ ငါ့ဝိညာဉ်၊ အထက်ဘုံသို့ သွားအံ့။

    ၂။ မြစ်တို့်သည် ပင်လယ်သို့စီး၊ ရေကြောင်း၌ ရပ်မနေ၊
    မီးလျှံသည် နေသို့ပျံ၏၊ နေရင်းအရပ်သို့ပြေး၊
    ထိုအတူ ဝိညာဉ်အသစ်၊ ရွှေမျက်နှာတော် ဖူးအံ့ငှာ၊
    ကိန်းဝပ်တော်မူသော ဘုံစစ်၊ တောင့်တ အားကြီးတကား။

    ၃။ နှစ်သိမ့်ကြ၊ အာဂန္တုတို့ ဆုရအောင်တိုးတတ်ကြ၊
    မိုးကောင်းကင်၌ အောင်မြင်လို၊ ယေရှုလျင်မြန်စွာလာ၊
    များမကြာ ကျွန်ုပ်တို့အား၊ ချမ်းသာခွင့်ပေးတော်မူမည်၊
    အောက်မှာ ဒုက္ခများ ပစ်ထား၊ ကောင်းကင်သို့ ပြောင်းလဲမည်။ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال