No results found

    ၃၅၂။ အရုဏ်တက်ခြင်းကျူး

     


    ၁။ မိုးလင်းစဖြစ်ခဲ့လေပြီ၊ မှောင်မိုက်လွင့်ပျောက်လျက်နေ၊
    နောင်တမျက်ရည်ယိုစီး၍ မြေးသားများ နိုးကြပေ၊
    ပင်လယ်က တိုက်သောလေများ အဝေးသတင်းကိုယူ၊
    လှုပ်ရှားလျက်နေ လူမျိုးများ ဆောင်ရွက်မည်၊ ဇိအုန်မှု။

    ၂။ ကျေးဇူးတော်ကောင်းကြီး မိုးလို ငါတို့ပေါ်မှာ ရွာ၏၊
    ရှေ့မှာ လှသောအရာတို့နေ့တိုင်း ပွင့်လျက်ရှိပြီ၊
    ဘုရားကို ဆုတောင်းလေ တိုင်းဆုများ ရကြပေ၏၊
    ငြိမ်သက်ခြင်း ပါသော လေတိုင်းမြတ်မင်္ဂလာဆောင်၏။

    ၃။ ကြည့်လော့ ငါတို့ ဘုရားရှေ့ လူမျိုးပေါင်းဉီးညွတ်ကြ၊
    ကျေးဇူးချီးမွမ်းစိတ်ပါလေ ဝင်သူသိန်းသောင်းများလှ၊
    အပြစ်ကို ဝန်ခံသောလူ တရားတော်ကို နာလို၊
    ယေရှုကယ်တင်ခြင်းရှာသူနေ့တိုင်း လူမျိုးတမျိုး။

    ၄။ အိုကယ်တင်ခြင်းမြစ်သာယာ၊ တိုးတက်၍သာ စီးလေ၊
    လူမျိုးတကာဖို့ စီးပါ၊ စီးလျက် မရပ်မနေ၊
    နှိမ့်ချသူပေါင်းရွှေပြည်သို့ ရောက်သည်တိုင်အောင် မရပ်၊
    သခင်ကြွတော်မူပြီဟု ကြွေးကြော်သည်တိုင်အောင်ပင်။ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال