No results found

    ၃၅၃။ ဧဝံဂေလိခေါင်းလောင်းကျူး

     


    ၁။ ဝမ်းမြောက်ဖွယ်သတင်းမြတ်ကို တပြည်မှ တစ်ပြည်တိုင်အောင် နှံ့ပြားကြော်ငြာ
    ခေါင်းလောင်းသံလို၊ ငါတို့အား မိန့်တော်နားထောင်၊ ဘုရား၏ သားတော်ကို
    ယုံကြည်သူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်စေလို၊ ထာဝရအသက်ပေးမည်။

    ထပ်ဆို
    ချိုဖွယ်သံ၊ အိုနာခံ၊ အပြစ်ရှိသူလူ ခပ်သိမ်း၊
    ချိုဖွယ်သံ၊ အိုနာခံ၊ ထိုမှသာ မျက်တော်ပြေငြိမ်း။

    ၂။ လူအပေါင်းတို့ လာကြပါ၊ ခေါင်းလောင်းသံများခေါ်ဖိတ်သည် ဘုရားသခင်
    ကျေးဇူးသာယာမပယ်ပါနှင့်၊ အစ်ကိုညီ ငါသည် သက်မုန့်ပေတည်း၊
    ဖိုးမပေးပဘဲ စားသူသည် အပြစ်များနှင့် နီကွက်သော်လည်း သိုးမွေးလို ဖြူစင်လိမ့်မည်။

    ၃။ နာမထောင်ပဲ နေသူသည် အဘယ်ကဲ့သို့ ခံရမည်၊ ခေါင်းလောင်းမြတ်
    အသံချိုဖွယ် သတိပေးသည်စဉ်အမြဲ၊ အသက်ချမ်းသာစိမ့်ငှါ၊
    မဆိုင်းပဲပြေးသွားကြပါ၊ နောက်ဘက်ကိုလည်း ပြန်မကြည့်နှင့် သို့မဟုတ် ဆုံးရှုံးလိမ့်မည်။

    Post a Comment

    Previous Next

    نموذج الاتصال