No results found

    ၁၅၄။ ယေရှုဘို့ သင်၌ နေရာအခန်းရှိသလားကျူး


     ၁။ သင့်ပြစ်ဝန်ထုပ်ခံသောအရှင်၊ နေရန် အရပ်ရှိသလား၊
    ခေါက်လျက် ဝင်ရန်ခွင့်တောင်းနေစဉ်၊ ပြစ်ရှိသူ လက်ခံမည်လား။

    ထပ်ဆို
    ဘုန်းကြီးဘုရင် ယေရှုရှင်ဖို့ နေရန် အခန်းခုပြင်လေ၊
    စိတ်နှလုံးတံခါးကျယ်စွာ ဖွင့်ချိန်ရှိစဉ်ဝင်ရန် တောင်းပန်။

    ၂။ ပျော်ပါးခြင်းနှင့် စီးပွားရေးသာ၊ သင့်စိတ်တွင် နေရာရှိပေ၊
    သင့်တွက် သေခံရှင်သခင်အား၊ နေရာ သင်သည် ဖွင့်မပေး။

    ၃။ ကျေးဇူးတော်နှင့် ခေါ်စဉ်ခါ၊ ယေရှုဖို့ ချိန်ရှိသလား၊
    ယနေ့လက်ခံရာနေ့ ဖြစ်ပါ၊ နက်ဖြန်တိုင်အောင် မဆိုင်းရာ။

    ၄။ ကျေးဇူးတော်နေ့လွန် မသွားခင်၊ နေရာအချိန်ကို ဆက်သ၊
    မကြာခင်သင့် စိတ်ခိုင်မာလျှင် တောင်းပန်သံကို သင်မကြား။

    Post a Comment

    Previous Next

    نموذج الاتصال