No results found

    ၁၆၂။ ယေရှုထံသို့လာလျှင်ကျူး


     ၁။ ယေရှုထံသို့ လာလျှင် သာယာစွာနေမည်၊
    စိတ်ပျက်သည့်အခါတွင် ချမ်းသာပေးသတည်း။

    ထပ်ဆို
    ယေရှုထံသို့ လာလျှင်၊ စိတ်အေးလျက် ပျော်ရွှင်၊
    သူငယ်တို့ လာကြပါ၊ ဖြည်းညှင်းစွာ ခေါ်သည်။

    ၂။ ယေရှုထံသို့ လာလျှင် တောင်းသောဆုပေးမည်၊
    ငါ၏ အပြစ်ဒဏ်ပင်၊ ချစ်သောကြောင့် ခံသည်။

    ၃။ ယေရှုထံသို့ လာလျှင် လက်တော်ဖြင့် ကိုင်မည်၊
    သာယာရွှေကောင်းကင်သို့၊ ပို့ဆောင်တော်မူမည်။

    ၄။ ထိုသန့်ရှင်းဌာနတွင် ဖြူစင်သော ဝတ်လုံ
    ခြုံသေသူငယ်တို့နှင့်၊ ယေရှုကို ခိုလှုံ။

    Post a Comment

    Previous Next

    نموذج الاتصال