No results found

    ၁၆၁။ ကောင်းကင်ကျူး

     


    ၁။ နားထောင် ငါ့ဝိညာဉ် ကောင်းကင်သီချင်း သံများ၊
    မြေပြင် စိမ်းလန်း၊ ပင်လယ်ကမ်းကျော်ကျူးသည်၊
    ထိုသာယာသော မင်္ဂလာသီချင်းသံကား၊
    ပြစ်ကင်းရာ ဘဝသစ်ကို ပြောသတည်း၊

    ထပ်ဆို
    ယေရှုတမန်၊ အလင်းတမန်များ၊
    သီချင်းသံဖြင့်၊ ညဉ့်ခရီးသည်များ ဖိတ်ကြား။

    ၂။ သီချင်းသံကြား၊ တိုးတက်လျက် ကျွန်ုပ်တို့သွား၊
    ပင်ပန်းသူများ လာပါ၊ ယေရှုခေါ်သည်၊
    သာယာသော ပဲ့တင်မစဲ၊ မှောင်မိုက်ထဲမှ
    အိမ်သို့ညွန်သော တရားတော်သံပေတည်း။

    ၃။ ဝေးသော ရပ်မှညဉီးယံ ခေါင်းလောင်းသံလို၊
    ယေရှုသံတော်၊ မြေ၊ ပင်လင်ပေါ် ကျော်ကျူး၊
    ထောင်သောင်းမက၊ ဝန်လေးလှသော သူတို့ကို၊
    ရှင်သိုးထိန်း သွေးဆောင် ထံတော်သို့ ပို့မူ။

    ၄။ ဤ ပစ္စုပ္ပန်၌ ငြီးငွေ့ရှည်လျားသော်လည်း၊
    မှောင်မိုက်လွန်သွား ချမ်းသာနေ့ပေါ်လာရ၊
    မောပန်းသူများ ခရီးကုန်ဆုံးသော ကာလ၊
    ဝိညာဉ်စံရာ ရွှေပြည်တော်သို့ ဝင်မည်။

    ၅။ သစ္စာစောင့်ထိန်း ရွှေကောင်းကင်သားများတို့လေ၊
    ချိုသာလှ ကောင်းကင်သီချင်းဆိုဉီးကြ၊ ညဉ့်ငိုကြွေးသံ၊
    နံနက်ဝမ်းမြောက်ခြင်း ဆုံးစေ၊ ရှည်လျားမှောင်ရိပ်၊
    မေတ္တာတော်၌ လင်းရာ။

    Post a Comment

    Previous Next

    نموذج الاتصال