No results found

    ၂၃၈။ ဘေးကင်းရန်ကျူး


     ၁။ ဘေးဒုက္ခများတို့နှင့် လုံးလုံးကင်းလိုလျှင်၊
    ယေရှုသခင်ကဲ့သို့ မြဲစွာ သစ္စာတည်၊
    သင်တို့ခရီးသည်များ ဖြစ်ကြောင်း အောက်မေ့သောခါ၊
    လူများ ကဲ့ရဲ့ကြငြား၊ အရေးမယူရာ။

    ၂။ ခရီးသည်များတို့ကို ဖြားယောင်းသူတို့်သည်
    နိုင်ခွင့်မရသည့်ပြင် ဒုက္ခတွေ့သေး၏၊
    မည်မျှပင် ရန်သူများ၊ လမ်းတွင် ရှိငြားသော်လည်း၊
    သစ္စာရှိသောသူများ၊ ရဲစွာလျှောက်လိမ့်မည်။

    ၃။ ရှင်ယေရှု ကျွန်ုပ်ကို မစတော်မူလျှင်၊
    နိစ္စအသက်ဆုကို ရမည် ဧကန်ပင်၊
    ထို့ကြောင့် ကြောက်ခြင်းသဘော ငါ့စိတ်ကခွာထွက်လော့၊
    ခရီးသည် စစ်ဖြစ်ရန် ငါကြိုးစားတော့မည်၊ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال