No results found

    ၁၇၂။ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါကျူး


     ၁။ ကျွန်ုပ်ခေါ်သံ နားညောင်းလျက် သနားပါ၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ၊
    ကျွန်ုပ်စိတ်သည် ကိုယ်တော်ကို တောင့်တလှ၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ။

    ထပ်ဆို
    တောင်ပေါ်တောင်ကြားကျော်လျက် အိမ်မှဝေးစွာ၊
    အကျွန်ုပ်သည် လမ်းလွဲလျက်လာပါ၊
    သိုးခြံတွင်းသို့ ယူဆောင်ပို့ပြန်စိမ့်ငှါ၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ။

    ၂။ ညချိန်တည်းခိုရန် ကွယ်ကာရပ်မရှိ၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ၊
    ကြည့်တော်မူလျှင် ကျွန်ုပ်အသက်ရှင်မည်၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ။

    ၃။ လမ်းသည် တိတ်ဆိတ်ကျွန်ုပ်လည်း မောပန်း၏၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ၊
    ကိုယ်တော်မြတ်ပြုံးခြင်းကို ကျွန်ုပ် မျှော်ကြည့်၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ။

    ၄။ ကျိုးပဲ့ကြေမွနောင်တ စိတ်ကို မပယ်၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ၊
    ကျွန်ုပ်၏ ပဌနာ နားညောင်း၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ။

    Post a Comment

    Previous Next

    نموذج الاتصال