No results found

    ၁၇၁။ သာ၍နီးအံ့ငှာ ဆွဲတော်မူပါကျူး

     


    ၁။ ခေါ်တော်မူသံကို ကျွန်ုပ်ကြားရပြီ၊ ကိုယ်တော်ချစ်ကြောင်းကို သိသည်၊
    ယုံကြည်ခြင်းဖြင့် ကိုယ်တော်မြတ်ထံ ပြန်တက်၊ ခြေတော်ရင်းမှာ နေလိုသည်။

    ထပ်ဆို
    ကိုယ်တော်သေခံ ကားတိုင်တော်နားသို့ ကျွန်ုပ် သာ၍ နီးစေပါ၊
    သာ၍ နီးစေ၊ နီးစေ၊ နီးစေတော်မူလို၊ နီးစေပါ၊ ကိုယ်တော်အပါး။

    ၂။ ကိုယ်တော်မှုဆောင်ရန် ခွဲခန့်မှတ်သားပါ၊ ထူးဆန်းမေတ္တာ တန်ခိုးဖြင့်၊
    ကျွန်ုပ်၏ ဝိညာဉ်မျှော်လင့်မြဲမြံစေ၊ လိုရာ ကိုယ်တော်၌ ရှာချင်။

    ၃။ ကိုယ်တော်မြတ်ရှေ့တွင် ဆုတောင်းရခြင်းခွင့်၊ ပလ္လင်တော်နားချဉ်းကပ်ရာ၊
    မိတ်ဆွေချင်းကဲ့သို့ တောင်းပန်ပြောဆိုခြင်း၊ ထူးလျှင် ကျွန်ုပ်နှစ်သက်လှ။

    ၄။ နက်နဲလှချစ်ခြင်း ကျွန်ုပ်သိနိုင်မည်၊ သေခြင်းမြစ်ကို ကူးပြီးမှ၊
    မြင့်လှသော ဝမ်းမြောက်ခြင်း ကျွန်ုပ်မီမည်၊ ချမ်းသာ ဘုံဝင်စားသောခါ။

    Post a Comment

    Previous Next

    نموذج الاتصال