No results found

    ၁၃၀။ ကိုယ်တော်ကို ဘယ်လောက် ချစ်လိမ့်ကျူး


     ၁။ သိုးခြံတော်မှ ဝေးစွာ ထွက်ခွာ၍၊ ပြစ်မှောင်မိုက်တွင် ကျင်လည်သူများတို့
    ပြော၍မကုန်နိုင်သော ခရစ်တော်၏ မေတ္တာတော်အကြောင်း နားထောင်ပါ။

    ထပ်ဆို
    အိုသင့်ကို ကယ်ရန် သေခံရှင်အား သိလျှင်
    သင်ဘယ်လောက် ချစ်လိမ့်မည်နည်း၊ ချစ်လိမ့်မည်နည်း၊
    ကားတိုင်ပေါ်တွင် သင်နှင့် ကျွန်ုပ်တွက်၊ သက်တော်မြတ်ကို စွန့်ရှာြပီ။

    ၂။ သင်ဆုတောင်းခြင်းဖြင့် စဉ်ရနိုင်သော ငြိမ်သက်ခြင်းနှင့် ပြစ်လွှတ်ခြင်းရှာပါ၊
    ဒူးထောက်၍ သင့်ပြစ်လွှတ်ရန် တောင်းပန်၊ ခရစ်တော် သင့်ကို စောင့်လျက်နေသည်။

    ၃။ ပြော၍ မကုန်တည်ကြည် သိမ်မွေ့သော မေတ္တာတော်ကို သင်သိအပ်ပေသည်၊
    လာ၍ မေတ္တာတော်ရိပ် ခိုလှုံပါ၊ ခရစ်တော် သင့်ကို ဧကန်ချစ်သည်။

    ၄။ ခရစ်တော်၏ မြတ်သော မေတ္တာတော်ကို မမြည်းစမ်းလျှင်၊ သိရန် ခက်ခဲလှ၊
    သင်ပြစ်မှ လွှတ်ခြင်းခွင့်မရမီ၊ မေတ္တာတော်မြတ်ကြောင်း မသိနိုင်။

    Post a Comment

    Previous Next

    نموذج الاتصال