No results found

    ၂၆၉။ ကိုယ်တော်ကိုသာ၍ ချစ်ခြင်းကျူး


     ၁။ ကိုယ်တော်ကို ချစ်နိုင်မည်၊ ခရစ်တော်ရှင်၊ စိတ်ပါလျက်နှင့် တောင်းသည်၊
    နားညောင်းသခင်၊ ဤပတ္ထနာမပြတ်၊ အစဉ်လျှောက်မည် ရှင်မြတ်၊
    ကိုယ်တော်ကိုသာ ချစ်စေမူပါ။

    ၂။ လောကီပျော်မွေ့ခြင်းသာ၊ အထက်လိုလေ၊ ခန္ဓာအကျိုးကိုရှာ၊
    ဝိညာဉ်ကိုမေ့၊ ယခုထိုသို့မဟုတ်၊ အပြစ်ရွံရှာစက်ဆုပ်၊
    ကိုယ်တော်ကိုသာ ချစ်စေမူပါ။

    ၃။ ဒုက္ခခံစေလျှင်လည်း၊ မညည်းမတွား၊ အလိုတော်နှင့်အညီ
    ဖြစ်စေမြတ်စွာ၊ ထိုဒုက္ခအားဖြင့်လည်း အကျိုးတိုးပွားနိုင်မည်၊
    ကိုယ်တော်ကိုသာ ချစ်စေမူပါ။

    ၄။ ထိုသို့ပြုပြင်မူလျှင် မြတ်စွာဘုရား၊ နောက်ဆုံးရှုလျက်သက်ညှင်း
    ဝမ်းမြောက်အားရ၊ ဘဝပြောင်းစဉ်တွင်ပင်၊ ဆုတောင်းဉီးမည် ပျော်ရွင်၊
    ကိုယ်တော်ကိုသာ ချစ်စေမူပါ။

    Post a Comment

    Previous Next

    نموذج الاتصال