No results found

    ၂၇၀။ အသေခံသော ချစ်ခြင်းကျူး

     


    ၁။ ကယ်တင်ပိုင်သော ဘုရား၊ မေတ္တာတော်ရှင်၊
    စဉ်မြဲထံတော်ပါးမှဆုတ်မခွာသင့်၊ ရှေ့တော်၌ နှိမ့်ချစွာ
    စိတ်ထဲ၌ သစ္စာထား၊ ကိုယ်တော်အား လှူရ် ယဇ် ယူဆောင်ခဲ့သည်။

    ၂။ ကရုဏာပလ္လင်ရှေ့၊ တောင်းပန်ရန်ဝင်၊
    ယုံကြည်အားနည်း မျှော်ကြည့် ယေရှုသခင်၊ ကားတိုင်ကို ထမ်း၍သာ၊
    အံ့ဖွယ်မေတ္တာကြော်ငြာ၊ ဆုတောင်းခြင်း ချီးမွမ်းခြင်း ယူဆောင်ခဲ့သည်။

    ၃။ ကိုယ်တော်နှင့် တူစေရန်၊ တည်ကြည်စိတ်သွင်း၊
    တနေ့တနေ့ လွန်ပြန် တိုး၍ သိမြင်၊ ချစ်မေတ္တာမှုတော်ဆောင်၊
    ကြင်နာြခင်းပြခဲ့ကြောင်း ကိုယ်တော်ထံပျောက်သူကို ယူဆောင်ခဲ့သည်။

    ၄။ ကျွန်ုပ်ပိုင်ဆိုင်သမျှ ကိုယ်တော်ပိုင်ရာ ဝမ်းနည်းဝမ်းမြောက် သက်တာ၊
    ကိုယ်တော်ဖို့သာ မျက်နှာတော်ဖူးမြင်လျှင်၊
    ကျွန့်ဝိညာဉ် ကိုယ်တော်အား မြဲထာဝရ ပတ်လုံး ဆက်သပါသည်။ အာမင်

    Post a Comment

    Previous Next

    نموذج الاتصال