Monday, February 14, 2022

၄၀၅။ နေဝင်နောက်ကွယ် ထွန်းတောက်ဝယ်

 


၁။ နေဝင်ရာ ကမ်းမှာ လင်း အရုဏ်ကူးလာ၊ ရင်မှာ ကြည်နူးစရာ ထူးလှသက်တာ၊
ကိုယ်တော်လက်တွဲကာ၊ ခွဲမရသော ဘဝပါ၊ နေဝင်ရာ ကမ်းမှာ မြတ်လှ သက်တာ။

၂။ နေဝင်ရာ ကမ်းမှာ နေ့တာမဆုံးပါ၊ မှောင်ရိပ်ကွယ်သွားကာ၊
နေ့သစ်ရောက်လာ၊ ကမ္ဘာဝယ် လွမ်းစရာ နွမ်းလှသော သက်တာ၊
နေဝင်ရာ ကမ်းမှာ ဆန်းသစ်ရလာ။

၃။ နေဝင်ရာ ကမ်းမှာ မိတ်ဆွေစုပေါင်းလာ၊ ပြန်လည်ငိုကြွေးစရာ
ကင်းမဲ့သာအခါ၊ ထာဝစဉ် ရွှင်လန်းကာ၊ ပြုံးရသော ဘဝပါ၊
နေဝင်ရာ ကမ်းမှာ ကောင်းလှသက်တာ။

၄။ နေဝင်ရာ ကမ်းမှာ ကိုယ်တော်ဘုရားသာ၊ ကြင်နာပိုက်ထွေးကာ၊
ပေးခဲ့မေတ္တာ၊ ရင်မှာ ပင်ပန်းစရာ ဆုံးတော့မဲ့ ဘဝပါ၊
နေဝင်ရာ ကမ်းမှာ အေးငြိမ်းချမ်းသာ။

0 Post a Comment:

Post a Comment

Copyright © ဖြတ်သန်းခဲ့သောဘဝပုံရိပ်များ(Hymns) | Designed With By Blogger Templates
Scroll To Top