Monday, February 14, 2022

၄၁၄။ နိုးကြားလျက် တည်ဆောက်ကြ

 


၁။ ကိုယ်တော် ခန္ဓာအသင်းတော်အား နိုးကြားလျက် တည်ဆောက်ကြ၊
ရှေးလူများ ယေရုရှလင်မြို့ရိုး ပြုပြင်သည်နည်း၊
ထိုနည်းတူစွာ ယနေ့တွင်လည်း လူတိုင်း နိုးကြားကြလျက်၊
အသင်းတော်အား တည်ဆောက်ဘို့ရန် ဝိညာဉ်တော် ဆုတောင်းခံပါ။

ထပ်ဆို
သန့်ရှင်းဝိညာဉ် မြတ်ဘုရားရှင် ကျွန်ုပ်တို့ပေါ် ဆင်းသက်မူပါ၊
အသင်းတော် တည်ဆောက်ကြဖို့ရာ၊ လူတိုင်းတို့အား နိုးကြားစေပါ။

၂။ လွန်ခဲ့နှစ်များ လျှောက်ရာသက်တာ ချို့ယွင်းချက်များပြားလှ၊
ဇာတိစိတ်အားဖြင့်သာ သွားလာလုပ်ဆောင်ခဲ့မိပါ၊
ကျွန်ုပ်တို့ ပြစ်များ လွတ်လျက်သာ ဆက်လက် သုံးပြုမူပါ၊
အသင်းတော်အား မေတ္တာဖြင့်သာ တည်ဆောက်ရန် ခွန်အားပေးပါ။

၃။ ကိုယ်တော်၏ အသင်းတော်များတို့ ကိုယ်တော်ဖို့ မှုဆောင်စို့
လောကသားများအား ကယ်တင်ရန် တာဝန်ထမ်းရွက်ဖို့
ကိုယ်တော်စေခိုင်းရာ တာဝန်အား လူတိုင်း လုပ်ဆောင်ဖို့ရာ၊
နိုးကြားထကြွ မှုတော်ဆောင်ပါ ဝိညာဉ် ခွန်အား တောင်းခံပါ။

0 Post a Comment:

Post a Comment

Copyright © ဖြတ်သန်းခဲ့သောဘဝပုံရိပ်များ(Hymns) | Designed With By Blogger Templates
Scroll To Top