Sunday, February 13, 2022

၃၂၇။ ဉပုသ်နေ့ နံနက်ကျူး


 ၁။ ဤသာယာသောနေ့တွင် လောကီအမှုကို ရှောင်၊ ဘုရားဗိမာန်တော်တွင်၊
ဝတ်ပြုရမည်အကြောင်း၊ လျင်မြန်စွာလာ၊ ညီအစ်ကိုများ၊
လျင်မြန်စွာလာ၊ ညီအစ်ကိုများ ဝမ်းမြောက်သောစိတ်နှင့် စည်းဝေးကြ။

၂။ ဘုရားသားတော် အရှင်၊ လူတို့အပြစ်များကြောင့် သင်္ချိုင်း၌ သုံးရက်ပင်၊
နေပြီး သေမင်းကိုအောင်၊ ဤနေ့တွင်ကား သေခြင်းမှထ၊
ဤနေ့တွင်ကား သေခြင်းမှထ၊ အသက်ရှင်လမ်း ဖွင့်ပေးသနား။

၃။ ထိုကြီးမြတ်သော ကျေးဇူး၊ ဤ နေ့တော်တွင် အောက်မေ့၊ ထံတော်၌ ရွှင်စွာစု၊
ဝမ်းသာစွာ ဝတ်ပြုလေ၊ ကရုဏာများ ချီးမွမ်းကုန်ပါ၊
ကရုဏာများ ချီးမွမ်းကုန်ပါ၊ ရွှင်လန်းသော စိတ်နှင့် ချီးမွမ်းကြ။

၄။ ဤလောက၌ နေစဉ် ကျေးဇူးတော်မြတ်ချီးမွမ်း၊ စုတေ့ရသောအချိန်
ဘုရားထံတော်သို့ဝင်၊ ကောင်းကင်ဘုံသားအတူတကွ၊
ကောင်းကင်ဘုံသားအတူတကွ၊ ချီးမွမ်းရမည် သိမှတ်ကုန်ပါ။

0 Post a Comment:

Post a Comment

Copyright © ဖြတ်သန်းခဲ့သောဘဝပုံရိပ်များ(Hymns) | Designed With By Blogger Templates
Scroll To Top