Saturday, February 12, 2022

၂၆၈။ ကိုယ်တော်ကိုသာ၍ ချစ်ကြောင်းသိသည်ကျူး


 ၁။ လောကီ စည်းစိမ် မျိုးမျိုးတို့ထက် ကိုယ်တော်ကိုသာ ချစ်သည်၊
မပျက်စီးနိုင် ငြိမ်သက်ခြင်းကို ပေးတော်မူသောကြောင့်တည်း။

ထပ်ဆို
ချစ်ခြင်းမေတ္တာတော်ကြောင်းစကား တဝက်ကိုမျှ မမီ၊
သွေးတော်ဖြင့် ဆေးကြောကြောင်း ပြောသော်၊ တဝက်ကိုမျှမမီ။

၂။ လောကီ မိတ်ဆွေ အပေါင်းတို့ထက်၊ ကိုယ်တော်သာ၍ နီးချေ၊
ချိုသော သီချင်းထက် ကိုယ်တော်ကို အောက်မေ့ခြင်းသာ ချိုပေ။

၃။ အကျွန်ုပ်အား ဝမ်းမြောက်စေပြီ၊ ထိုကြောင့် မြဲဝမ်းသာသည်၊
ချစ်ခြင်း မေတ္တာတော် မရှိလျှင်၊ အမှန်စိတ်ပျက် လိမ့်မည်။

၄။ သက်တာတွင် ကိုယ်တော်ပါခြင်းဖြင့်၊ ဤ မျှရွှင်လန်းစေလျှင်၊
ကိုယ်တော်ြမတ်ကို ဖူးမြင်ခြင်းသည် ဘယ်လောက်ကြီးသော အခွင့်။

0 Post a Comment:

Post a Comment

Copyright © ဖြတ်သန်းခဲ့သောဘဝပုံရိပ်များ(Hymns) | Designed With By Blogger Templates
Scroll To Top