၂၂၃။ စုံလင်မေတ္တာရှင်ကျူး

Samuel Soe lwin
0

 


၁။ စုံလင်မေတ္တာရှင်၊ လူ့ဉာဏ်မမီဖွယ်ရာ၊ ပလ္လင်တော်ရင်း၌
ကျွန်တို့ တောင်းပန်ပါ၊ ကိုယ်တော်ရှင် စုံဖက်၍ ကောင်းကြီးပေးသူတို့အား၊
ဆုံးမရှိ မေတ္တာကို ပေးတော်မူပါ။

၂။ စုံလင်အသက်ရှင်၊ ကတိတော်မြတ်ဖြင့်သာ၊ ယုံကြည်ခိုင်မြဲရာ၊
သိမ်မွေ့သော မေတ္တာ၊ မျှော်လင့်လျက် ရဲရင့်၊ ငြိမ်သက်တည်မြဲစေပါ၊
အိုနာသေဘေး မရွံ့ဘဲ တည်နိုင်ရာ။

၃။ လောကီဝမ်းနည်းခြင်း၊ အောင်နိုင်စွမ်းသော ချမ်းသာ၊ ဒုက္ခကုန်ငြိမ်းသော၊
ငြိမ်သက်ခြင်းသာယာ၊ လောကီညမှောင်သက် ကုန်လျှင်၊
ထွန်းသစ်သက်တာ၊ ကိုယ်တော့်သားသမီးတို့ အားဖြည့်မူပါ။ အာမင်။

Post a Comment

0 Comments

Post a Comment (0)
3/related/default