၃၂၅။ ဉပုသ်နေ့ကျူး

Samuel Soe lwin
0

 


၁။ သခင်ထမြောက်ရာနေ့၊ နှစ်သက်လှဖွယ်ဉပုသ်၊
မြတ်မင်္ဂလာဖြစ်စေသတည်း၊ ငါ့စိတ်အလွန်ဝမ်းမြောက်။

၂။ ယနေ့ သခင်ကြွလျှင်၊ တပည့်တော်များကို ကျွေး၊
ကိုယ်တော်ကိုပင်၊ ဤ ဗိမာန်တွင် တွေ့ကြုံဆက်ဆံရလေ။

၃။ ယေရှုရှင် ဆက်ဆံလျက်၊ မွေ့လျော်စွာ နေ့တစ်နေ့၊
အပြစ်ပျော်ရာ တစ်သောင်းနေ့ထက်၊ သာနှစ်သက်ဖွယ်ဖြစ်လေ။

၄။ ငါ့စိတ်သာယာ ပျော်ရွှင်၊ မြတ်ကောင်းကင်ရွှေပြည်သို့၊
ခေါ်သံတော်ကြားရအောင် တိုင်လျှင်၊ ဤသို့ အစဉ်နေလို။ အာမင်။

Post a Comment

0 Comments

Post a Comment (0)
3/related/default