၃၄၃။ ပွဲတော်ကျူး

Samuel Soe lwin
0


 ၁။ ဤပွဲတော်၌ဘုရားကျေးဇူးကျွန်ုပ်တို့မြင်ရပါ၏
ဤပွဲတော်ကိုနောင်တရသူ ဝင်စားကြရသတည်း။

၂။ ကျွန်ုပ်တို့အပြစ်များပြားသော်လည်း ဝင်စားရသောအခွင့်
ကျေးဇူးတော်ကြောင့်ရကြပါပြီ ချီးမွမ်းကြစို့အစဉ်။

၃။ ဤကျေးဇူးတော်အံ့ဩဖွယ်တည်း အပြစ်ရှိသူတို့ပင်
နိုင်ငံတော်သားဖြစ်ကြရ၏ ချီးမွမ်းကြစို့အစဉ်။

၄။ ဘုရားသားတော်သခင်ယေရှု ပြစ်မှားသောသူအတွက်
မိမိအသက်စွန့်ပစ်တော်မူ ချီးမွမ်းကြစို့အစဉ်။

၅။ ဤမုန့်ကိုစား ဤခွက်ကိုသောက် ကျေးဇူးတော်ကိုအောက်မေ့
ဤလောကမှပြောင်းရသည့်နောက် ထံတော်ရောက်ရပါစေ။ အာမင်

Post a Comment

0 Comments

Post a Comment (0)
3/related/default